6 Points for Living & Dead

.

နေလျှင် ၆ ချက်

၁။ အဖိုးမထိုက်သော ကိလေသာ အခွာရ ခက်သည်။
၂။ မထင်ရှားသော ကြိုး ၁၀ စင်း အဖြေရ ခက်သည်။ (သံယောဇဉ် ၁၀ ပါး)
၃။ အခိုးမထွက်သော ရာဂမီး ၁၁ မီး အငြိမ်းရ ခက်သည်။
၎။ မဝေးသော နိဗ္ဗာန်ခရီး အသွားရ ခက်သည်။
၅။ အရှင်မရှိသော ဥစ္စာ အရှာရခက်သည်။ (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ သူတော်ကောင်းတရား ၇ ပါး)
၆။ ကိုယ်ဝန်ဆောင်သော ယောကျာင်္း အဖွားရ ခက်သည်။ (အရိယာ စာရင်းဝင်မှ ယောကျာင်္းစစ်စစ်ဖြစ်၏။)

.

သေလျှင် ၆ ချက်

၁။ ဥစ္စာ၊ပစ္စည်း မည်မျှ ချမ်းသာသည် ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၂။ ဆဒ္ဒန် ဆင် ခွန်အား မည်မျှ ကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၃။ အစားအစာကောင်းကို မည်မျှ စားနိုင်သည် ဆိုစေကာမူ ငတ်၍ သေပါလိမ့်မည်။
၎။ စကားပြော မည်မျှ ကောင်းသည် ဆိုစေကာမူ 'အ'၍ သေပါလိမ့်မည်။
၅။ နတ်မမှီ လူမမျှ လှပသည် ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက် ချစ်ခင်သူ များသည် ဆိုစေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။

.

No comments:

Post a Comment