.
လူတို့ကို နှိပ်စက်နေသော တရား (၃) ပါး
ချစ်ခင်တာက လောဘ။
အပြစ်တမင်ရှာတာက ဒေါသ။
အနှစ်မမြင်တာက မောဟ။
လောဘ ဖြစ်တော့ ငြိတွယ်။
ဒေါသ ဖြစ်တော့ သတိမဆယ်။
မောဟ ဖြစ်တော့ အသိတွေဖယ်။
လူသားများ လောဘတရားတွေ အားကြီးလျှင် ကမ္ဘာကြီးသည် မီးဖြင့် ဖျက်ဆီးခြင်း ခံရမည်။
လူသားများ ဒေါသတရားတွေ အားကြီးလျှင် ကမ္ဘာကြီးသည် ရေဖြင့် ဖျက်ဆီးခြင်း ခံရမည်။
လူသားများ မောဟတရားတွေ အားကြီးလျှင် ကမ္ဘာကြီးသည် လေဖြင့် ဖျက်ဆီးခြင်း ခံရမည်။
.
No comments:
Post a Comment